သိရီမင်္ဂလာကျောင်း စုပေါင်း ဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ




အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပို့တ်လန်းမြို့၊ သိရီမင်္ဂလာကျောင်းမှာ ၂ဝ၁၂ ခု၊ နိုဝင်ဘာလ (၂၄) ရက် (စနေနေ့) က ကျင်းပပြုလုပ်တဲ့ စုပေါင်း မဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲရဲ့ မုဒိတာအလှ ကုသိုလ်ပုံရိပ်လေးများ ဖြစ်ပါတယ်။ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ကာလီဖိုးနီးယားပြည်နယ်၊ ဝါရှင်တန်ပြည်နယ်၊ အော်ရီဂွန်ပြည်နယ်တို့တွင် သီတင်းသုံးလျက်ရှိတဲ့ သံဃာတော်(၁၁) ပါး ကြွရောက် ချီးမြှောက်ကြပါတယ်။ ကြွရောက်လာကြသော သံဃာတော်များနဲ့ ဧည့်ပရိသတ်တို့အား အလှူရှင်များ ဖြစ်ကြတဲ့ မမော် ၊ ဇော်ဝင်း၊ ကိုဇော်မျိုးသိမ်းမိသားစုတို့က ဆိတ်သားနဲ့ ကြက်သား ဒံပေါက်၊ ကိုကျော်စွာ မထွေးထွေးဝင်းမိသားစုတို့က သစ်သီးမျိုးစုံ၊ အေးမြလှိုင်နဲ့ နန်းနွမ်းမိုတို့က စိတ်တိုင်းကျ လက်ဘက်ရည်၊ ငှက်ပျောဆနွင်းမကင်းစသည်ဖြင့် ဧည့်ခံ ကျွေးမွေး ကုသိုလ်ပြုကြပါတယ်။
ဓါတ်ပုံ သတင်း - Katina Robe Offering event @ Siri Mingalar Monastery - Dec 3 2012 07:14 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005