ရေဘေးဒုက္ခသည် ကူညီမှု တနှစ်ပြည့် ဓါတ်ပုံပြပွဲ
ထိုင်းနိုင်ငံတွင် ၂၀၁၁ ခုနှစ် ရေကြီးစဉ်ကာလအတွင်း ဒုက္ခရောက်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားအား ရွှေတွံတေးဆရာတော် ကူညီ စောင့်ရှောက်ပေးခဲ့တဲ့ ၁ နှစ်ပြည့် အထိမ်းအမှတ် ဓါတ်ပုံပြပွဲကို ၂၀၁၂၊ နိုဝင်ဘာ ၄ ရက်နေ့ နေ့လည်က ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသ နှင်းတိကောရုံ တွင် ကျင်းပခဲ့ပါတယ်။
ရေဘေးဒုက္ခ ကြုံတွေ့စဉ် မဟာချိုင်ဒေသ၌ ထိုင်းအစိုးရ ကပ်ဆယ်ရေးစခန်းနဲ့ ရွှေတွံတေး ဆရာတော် ကယ်ဆယ်ရေးစခန်း စသည်ဖြင့် ဖွင့်လှစ်ခဲ့ရာ ဆရာတော်စခန်းတွင် ဒုက္ခသည်တထောင်ကျော်ကို နှစ်လကြာ အကူအညီပေးခဲ့ပါတယ်။ ထို့အပြင် ရေဘေး ဒုက္ခသည် ၅၀၀ ကို ရွာအရောက် အခမဲ့ ပြန်ပို့ပေးခဲ့ပြီး တဦးလျှင် ထိုင်းဘတ်ငွေ ၂၀၀ စီနဲ့ မြန်မာကျပ် ၅၀၀၀ စီ ကူညီခဲ့တဲ့အပြင် ဒုက္ခသည် ၄၀၀ ခန့်ကို အလုပ်အကိုင် ရှာဖွေပေးခဲ့ပါတယ်။ ထိုသို့ ကူညီခဲ့ရာတွင် ရေနစ်ရာဒေသတွင်းရှိ မြန်မာနိုင်ငံသားများသာမက ထိုင်း၊ လော၊ ကမ္ဘောဒီးယားများ စသည်ဖြင့် လူ ၅,၀၀၀ ခန့်အတွက် ရိက္ခာများ ပေးပို့ခဲ့ပါတယ်။
အကူအညီ ပေးနိုင်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ရွှေတွံတေးဆရာတော်က “အခုလို ဘတ် ၃ သန်းလောက် ကူညီပေးနိုင်ခဲ့တာဟာ မြန်မာ ၀န်ကြီးအဖွဲ့၊ သံအမတ်ကြီးအဖွဲ့၊ နိုင်ငံသား တိုင်းရင်းသားများသာမက ထိုင်းအာဏာပိုင်များ၊ DIVERSETHICS ၊ FED ၊ BAT စတဲ့ အဖွဲ့တွေရဲ့ ၀ိုင်းဝန်း ကူညီ ပံ့ပိုးမှုကြောင့် ဖြစ်ပါတယ်။“ လို့ မိန့်ကြားပါတယ်။
ဓါတ်ပုံ သတင်း - ရေဘေးဒုက္ခသည် ကူညီမှု တနှစ်ပြည့် ဓါတ်ပုံပြပွဲ - Nov 6 2012 12:00 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012