သိရီမင်္ဂလာကျောင်းတိုက်၊ တိုးချဲ့ဘုရားခန်းမဆောင် ရေစက်ချပွဲ




အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပို့တ်လန်မြို့၊ သိရီမင်္ဂလာကျောင်းတိုက်၊ တိုးချဲ့ဘုရားခန်းမဆောင် ရေစက်ချပွဲ အခမ်းအနားကို ၂၀၁၂ ၊ အောက်တိုဘာလ ၂ဝ ရက် (စနေနေ့) တွင် ကျင်းပခဲ့ပါတယ်။ ထို ရေစက်ချပွဲ အခမ်းအနားကို စာရေးဆရာ ဆရာတော်များ ဖြစ်ကြတဲ့ မြန်မာနိုင်ငံမှ ကြွရောက်လာတဲ့ ဓမ္မဘေရီ ဆရာတော် အရှင် ဝီရိယ(တောင်စွန်း) ၊ ဆရာတော် ဦးဇာဂရ (စာရေးဆရာ ကံထွန်းသစ်) ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဒေသ၊ မုဒိတာ ရွှေကျောင်းဆရာတော် အရှင် ဉာဏိကာဘိဝံသ (စာရေးဆရာ ဉာဏ်ဦးမောင်)၊ လော့စ် အိန်ဂျလိစ်မြို့က ဆရာတော် အရှင် ပညာဝံသ (လင်းဝံသ) အပါအ၀င်၊ ဝါရှင်တန်ပြည်နယ်၊ အော်ရီဂွန်ဒေသက ဆရာတော်များ အားလုံး၊ စုစုပေါင်း သံဃာတော် (၉) ပါး ၊ ပို့တ်လန်၊ စီယက်တဲလ်နဲ့ လော့စ် အိန်ဂျလိစ်ဒေသက ဒါယိကာ ဒါယိကာမ များ၊ ဆန်ဖရန်စစ္စကိုဒေသက ဒေါ်မြင့်မြင့်သိန်း ဦးဆောင်တဲ့ အလှူရှင်များ အသီးသီး လာရောက် အားပေးကြပြီး စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ဓါတ်ပုံ သတင်း - သိရီမင်္ဂလာကျောင်းတိုက်၊ တိုးချဲ့ဘုရားခန်းမဆောင် ရေစက်ချပွဲ - Oct 26 2012 05:59 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005