ကန်ချနဘူရီ ကိုယ်ထူကိုယ်ထကျောင်းကို ရွှေတွံတေးဆရာတော် သွားရောက်
ရွှေတွံတေးဆရာတော်နဲ့ မာကိုပိုလို ကုမ္မဏီ ဒါရိုက်တာများအဖွဲ့ ဟာ ၂၀၁၂၊ အောက်တိုဘာ ၁၂ ရက်နေ့က ထိုင်းနိုင်ငံ ကန်ချနဘူရီ ကိုယ်ထူကိုယ်ထ ကလေးများ စာသင်ကျောင်းကို သွားရောက်ခဲ့ကြပြီး အမှတ်တရတီရှပ်များ၊ ခေါက်ဆွဲနဲ့ မုန့်မျိုးစုံတို့ ဝေငှခဲ့ကြပါတယ်။ ကန်ချနဘူရီ ကိုယ်ထူကိုယ်ထကျောင်းနဲ့ ပတ်သက်ပြီး ရွှေတွံတေးဆရာတော်က “ကလေးတွေ ၁၆၀ လောက်ရှိတယ်။ သတ္တမတန်းအထိ စာသင်ကြားနေကြပြီး မြန်မာပြည် ပြန်ရင် ကျောင်းဆက်နေနိုင်အောင် မြန်မာသင်ရိုးအတိုင်း သင်ပေးတယ်။ အကျိုးဆောင်တွေက အမာခံ ထောက်ပံ့ပေးကြတယ်။ ကလေးတွေကို ပညာရေး အသိအမှတ်ပြုပေးဖို့  ကျောင်းဆောက်ပေးဖို့တော့ သက်ဆိုင်ရာ လူကြီးတွေ လာ လျှောက်ထားတာ ရှိတယ်။ လက်တွေ့တော့ မဖြစ်သေးဘူး။“ လို့ မိန့်ကြားခဲ့ပါတယ်။
ဓါတ်ပုံ သတင်း - ကန်ချနဘူရီ ကိုယ်ထူကိုယ်ထကျောင်း ရွှေတွံတေးဆရာတော် - Oct 15 2012 03:42 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012