ဧည့်ခန်းထဲကို ရောက်လာတဲ့ ကိုလံဘတ်စ်




  • ဧည့်ခန်းထဲကို ရောက်လာတဲ့ ကိုလံဘတ်စ် - 20121009_Discovering_Columbus_01.jpgတန်းစီဝင်ရန် သတ်မှတ်ထားတဲ့နေရာ
  • ဧည့်ခန်းထဲကို ရောက်လာတဲ့ ကိုလံဘတ်စ် - 20121009_Discovering_Columbus_02.jpgဗီဒီယိုသတင်း ရိုက်ကူးရန် ရောက်ရှိလာတဲ့ ဖောက်စ် (Fox) သတင်းဌာနက ပုဂ္ဂိုလ်နှစ်ဦး
  • ဧည့်ခန်းထဲကို ရောက်လာတဲ့ ကိုလံဘတ်စ် - 20121009_Discovering_Columbus_03.jpg
  • ဧည့်ခန်းထဲကို ရောက်လာတဲ့ ကိုလံဘတ်စ် - 20121009_Discovering_Columbus_04.jpg
  • ဧည့်ခန်းထဲကို ရောက်လာတဲ့ ကိုလံဘတ်စ် - 20121009_Discovering_Columbus_05.jpgကိုလံဘတ် ရုပ်ထု လှမ်းကြည့်နေတဲ့ နယူးယောက်မြို့လယ် လမ်းမတခု
  • ဧည့်ခန်းထဲကို ရောက်လာတဲ့ ကိုလံဘတ်စ် - 20121009_Discovering_Columbus_06.jpg
  • ဧည့်ခန်းထဲကို ရောက်လာတဲ့ ကိုလံဘတ်စ် - 20121009_Discovering_Columbus_07.jpg
  • ဧည့်ခန်းထဲကို ရောက်လာတဲ့ ကိုလံဘတ်စ် - 20121009_Discovering_Columbus_08.jpg
  • ဧည့်ခန်းထဲကို ရောက်လာတဲ့ ကိုလံဘတ်စ် - 20121009_Discovering_Columbus_09.jpg
  • ဧည့်ခန်းထဲကို ရောက်လာတဲ့ ကိုလံဘတ်စ် - 20121009_Discovering_Columbus_10.jpgရုပ်ထုကို ကြည့်အပြီး ပြန် ဆင်းလာကြသူများရဲ့ ထွက်ပေါက်
  • ဧည့်ခန်းထဲကို ရောက်လာတဲ့ ကိုလံဘတ်စ် - 20121009_Discovering_Columbus_11.jpg
  • ဧည့်ခန်းထဲကို ရောက်လာတဲ့ ကိုလံဘတ်စ် - 20121009_Discovering_Columbus_12.jpgတိုင်းမ် ၀ါနာ စဲန်တာနဲ့ အတူ တွေ့ရတဲ့ Discovering Columbus
  • ဧည့်ခန်းထဲကို ရောက်လာတဲ့ ကိုလံဘတ်စ် - 20121009_Discovering_Columbus_13.jpg ကိုလံဘတ်စ် ကျောက်တိုင်ကို ၂၀၁၁ စက်တင်ဘာ ၅ ရက်နေ့ ည ၇ နာရီ မိနစ် ၄၀ က တွေ့ရစဉ်
အရှေ့အိန္ဒိယဆီ ရောက်ဖို့အတွက် အနောက်ဖက်ကို ရေကြောင်းခရီးထွက်ခဲ့တဲ့ ခရစ်စ်တိုဖာ ကိုလံဘတ်စ် (Christopher Columbus) ဟာ ၁၄၉၂ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့က ဒီကနေ့ ဘဟားမားလို့ ခေါ်တဲ့ ကျွန်းစုဆီကို ရောက်ခဲ့ပါတယ်။ ကိုလံဘတ်စ်ရဲ့ ထို ခရီးစဉ်နဲ့ နောက်ဆက်တွဲ ခရီးစဉ်သုံးခုကနေ ကမ္ဘာသစ် (New World) လို့ ခေါ်ကြတဲ့ အမေရိကတိုက်ကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

ကမ္ဘာသစ်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ ကိုလံဘတ်စ်ကို ဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု အပါအ၀င် အမေရိကားတိုက်က နိုင်ငံတချို့မှာ အောက်တိုဘာ ၁၂ ရက်နေ့ (သို့) နေ့တနေ့ကို ကိုလံဘတ်စ်နေ့ အဖြစ် တရားဝင် သတ်မှတ်ခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ကိုလံဘတ်စ်နေ့ကတော့ အောက်တိုဘာလရဲ့ ပထမဆုံး တနင်္လာနေ့ ဖြစ်ပါတယ်။ (အမေရိကန် ပြည်ထောင်စု ဗဟိုအစိုးရအနေနဲ့ ကိုလံဘတ်စ်နေ့ကို တရားဝင် သတ်မှတ်သော်လည်း အချို့ပြည်နယ်များက သီးခြား အမည် သတ်မှတ် ကျင်းပကြပါတယ်။)

နယူးယောက်မြို့မှာ ၁၈၉၂ ခုနှစ်က ကိုလံဘတ်စ်ရဲ့ ကမ္ဘာသစ်ခရီးစဉ် နှစ် ၄၀၀ ပြည့် အထိမ်းအမှတ်အဖြစ် အီတလီ အနုပညာရှင် Gaetano Russo ရဲ့ ကိုလံဘတ်စ် ကျောက်တိုင်ကို စိုက်ထူ ဂုဏ်ပြုခဲ့ပါတယ်။ ၇၅ ပေ အမြင့်ရှိတဲ့ ထို ကျောက်တိုင်ကို ဂရမ်နိုက် (granite) နဲ့ ပြုလုပ်ထားပြီး ကျောက်တိုင်အပေါ်မှာ ၁၃ ပေ အမြင့်ရှိတဲ့ ခရစ်စ်တိုဖာ ကိုလံဘတ်စ်ရဲ့ ရုပ်ထု ထားရှိပါတယ်။

ကိုလံဘတ်စ်ကျောက်တိုင် တည်ဆောက်ထားတဲ့ ကိုလံဘတ်စ်အ၀ိုင်းဟာ နယူးယောက် မြို့လယ်ပန်းခြံရဲ့ အနောက်တောင်ဒေါင့်၊ အမှတ် ၈ အဲဗဲနယူး (8th Avenue) ၊ ဘရုတ်ဒ်ဝေး (Broadway) ၊ မြို့လယ်ပန်းခြံ တောင်ဘက် လမ်း (Central Park South - West 59th Street) ၊ မြို့လယ်ပန်းခြံ အနောက်ဘက် လမ်း (Central Park West) တို့ ဆုံရာတွင် တည်ရှိပါတယ်။ နယူးယောက်မြို့ရဲ့ ခရီးမိုင် အကွာအဝေးတွေကို ထိုနေရာမှ စတင် ရေတွက် တွက်ချက်ပါတယ်။

သက်တမ်း ၁၂၀ ရှိပြီး နယူးယောက်လမ်းမတခုကို ပေ ၇၅ ပေအမြင့်ကနေ ရပ်ကြည့်နေတဲ့ ခရစ်စ်တိုဖာ ကိုလံဘတ်စ် ရုပ်ထုကို အနီးကပ်ကြည့်ဖို့၊ လက်နဲ့ တိတွေ့ ကိုင်ကြည့်ဖို့၊ အတူ ဓါတ်ပုံရိုက်ဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်တဲ့ အရာတခုလို့ ထင်မှတ်ကြမှာ ပါ။

သို့သော်လည်း ၁၃ ပေ အမြင့်ရှိတဲ့ ခရစ်စ်တိုဖာ ကိုလံဘတ်စ်ရုပ်ထုကို ဧည့်ခန်းအလယ်က စားပွဲပေါ်မှာ တင်ထားတဲ့ သဏ္ဍာန် ဖန်တီးမှုကို ၂၀၁၂ စက်တင်ဘာ ၂၀ ရက်နေ့မှ နိုဝင်ဘာ ၁၈ ရက်နေ့အတွင်း သွားရောက် ကြည့်ရှု ခံစားပြီး ကိုလံဘတ်စ်ရုပ်ထုကို အနီးကပ် လေ့လာနိုင်ကြပါတယ်။ မြေပြင်ကနေ ပေ ၇၀ အမြင့်တွင် တည်ရှိတဲ့ Discovering Columbus ဧည့်ခန်းကို ဒီကနေ့ခေတ် ဧည့်ခန်းတခုအသွင် ဖန်တီးထားပြီး ရုပ်မြင့်သံကြား၊ နံရံကပ် မီး တွေရဲ့ အလယ်၊ ဧည့်ခန်းသုံး ထိုင်ခုံတွေ ၀ိုင်းရံထားတဲ့ စားပွဲပေါ်မှာ ကိုလံဘတ်စ်ရုပ်ထုကို တင်ထားသလို ပြင်ဆင်ထားပါတယ်။

ထိုင်ခုံတွေပေါ်ထိုင်ကာ အသင့် ဖတ်စရာ သတင်းစာ မဂ္ဂဇင်းတွေကို ဖတ်ရင်း၊ စကားစမည် ပြောရင်း အနားယူလို့ ရသလို ကိုလံဘတ်စ်ရုပ်ထုနဲ့အတူတူလည်း ဓါတ်ပုံရိုက်လို့ ရပါတယ်။ ရုပ်ထုအနား သိတ်ပြီး အနားကပ်သွားရင်တော့ အသင့် စောင့်နေတဲ့ လုံခြုံရေးအရာရှိက အနားကို ရောက်လာပါလိမ့်မယ်။

ဧည့်ခန်း ပြူတင်းပေါက်ကနေ နယူးယောက်မြို့ကို ကိုလံဘတ်စ် မြင်နေသလို ကြည့်နိုင်သလို ဧည့်ခန်းနံရံတွေပေါ်က အမေရိကန်ပြည်ထောင်စုနဲ့ ဆက်နွယ်တဲ့ ရုပ်ပုံများနဲ့ အလှဆင်ထားမှုများကိုလည်း ခံစားနိုင်ပါတယ်။ ကိုလံဘတ်စ်အရုပ်နဲ့ အတူတူနေခွင့်က တကြိမ်ကို မိနစ် ၃၀ သာ ရရှိမှာ ဖြစ်ပြီး ၀င်ခွင့်လက်မှတ်ကိုhttp://ev6.evenue.net/cgi-bin/ncommerce3/SEGetGroupList?groupCode=CC&linkID=img-aeg&shopperContext=&caller=&appCode=&format=grpMenu က တဆင့် မှတ်ပုံတင်ပြီး အခမဲ့ ရယူနိုင်ပါတယ်။ ကိုလံဘတ်စ်ကို ဧည့်ခန်းထဲက စားပွဲပေါ်မှာ တင်ထားတဲ့ Discovering Columbus ဖန်တီးသူကတော့ ဂျပန် အနုပညာရှင် တက်တ်ဇူ နီရှီ (Tatzu Nishi) ဖြစ်ပါတယ်။

ဖော်ပြထားတဲ့ ဓါတ်ပုံများကတော့ ၂၀၁၂ အောက်တိုဘာ ၁ ရက်နေ့ နံနက် ၁၀ နာရီက သွားရောက် ကြည့်ရှုစဉ် ရိုက်ကူးထားတဲ့ ဓါတ်ပုံများ ဖြစ်ပါတယ်။

ကိုးကား

http://www.publicartfund.org
ဝီကီပီးဒီးယား
ဓါတ်ပုံ သတင်း - ဧည့်ခန်းထဲကို ရောက်လာတဲ့ ကိုလံဘတ်စ် - Oct 9 2012 03:27 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005