ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ရခိုင်သံဃာများ ဒုတိယအကြိမ် ဆန္ဒပြ




ပြီးခဲ့တဲ့ သတင်းပတ်အတွင်းက ဖြစ်ပွားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားဒေသက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများနဲ့ လူနေအိမ်ခြေများအား မီးရှို့ဖျက်ဆီးကာ ဗုဒ္ဓရုပ်ပွားတော်များ အပါအ၀င် လုယက် ဖျက်ဆီးခံရတဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ ဆန္ဒပြပွဲတခုကို ရန်ကုန် ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် ၂၀၁၂၊ အောက်တိုဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ထို ဆန္ဒပြပွဲကို ရခိုင်သံဃာတော်များ ဦးဆောင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန် ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် အောက်တိုဘာ ၅ ရက်နေ့က ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၈ ရက်နေ့က ဒုတိယအကြိမ် ဆန္ဒပြခဲ့ကြတာ ပါ။ အလားတူ ဆန္ဒပြပွဲတခုကို ယူကေနိုင်ငံ၊ လန်ဒန်မြို့ ပါလီမန်စကွဲယားတွင် ၂၀၁၂၊ အောက်တိုဘာ ၁၁ ရက်နေ့ နေ့လည် ၂ နာရီမှ စတင် ကျင်းပဖို့ ရှိပြီး ညနေ ၃ နာရီတွင် ပါလီမန်စကွဲယားမှ ဗြိတိသျှဝန်ကြီးချုပ်ရုံးရှိ အမှတ် ၁၀၊ ဒေါင်းနင်းလမ်းဆီ ချီတက်ကြမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ဓါတ်ပုံ သတင်း - ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့ ရခိုင်သံဃာများ ဒုတိယအကြိမ် ဆန္ဒပြ - Oct 8 2012 09:00 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005