(၁၃) ကြိမ်မြောက် မြန်မာ့ရိုးရာ တိုကျိုသီတင်းကျွတ်ပွဲတော်




(၁၃) ကြိမ်မြောက် မြန်မာ့ရိုးရာ တိုကျိုသီတင်းကျွတ်ပွဲတော်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဂျပန်ဌာနက KIBA KOHAN ခီးဘ ပန်းခြံတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့၊ နံနက်၁၀ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပခဲ့ပါတယ်။ တိုကျို သီတင်းကျွတ်ပွဲတော်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဂျပန်ဌာန ဥက္ကဋ္ဌ ဦးလှဟန် အမှာစကား ပြောကြားပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။ ၄င်းနောက် ခေတ်ပေါ် တေးဂီတ၀ိုင်းများ၊ တိုကျို၊ နာဂိုယာက တီးဝိုင်းများနဲ့ အငြိမ့် ဖျော်ဖြေမှုတို့နဲ့ တင်ဆက်ခဲ့ပါတယ်။ ပွဲတော်တွင် အဖွဲ့အစည်းအသီးသီးရဲ့ အရောင်းဆိုင်များက မြန်မာအစားအစာများ ၊ ဒန်ပေါက်၊ ကျောက်ကျော၊ ရွှေရင်အေး၊ ဖါလူဒါ၊ ကြက်သားကင်များ၊ အသုပ်စုံ၊ အအေး၊ ဘီယာ စသည်ဖြင့် ရောင်းချကြပါတယ်။ ပွဲကျင်းပခြင်းနဲ့ ပတ်သက်ပြီး ဒု ဥက္ကဋ္ဌ ဦးသောင်းလှိုင်က တိုကျိုသီတင်းကျွတ်ပွဲတော်အား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဂျပန်ဌာနက ကျင်းပတာ ၁၃ကြိမ်မြောက်ပြီဖြစ်ကြောင်း၊ နှစ်စဉ် အစဉ်လာမပျက် နိုင်ငံရေး အနှစ်သာရရှိရှိ ကျင်းပပေးကြောင်း၊ ပြောပြသလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဂျပန်ဌာနရဲ့ ဦးတည်ချက်များ ၊ ရပ်တည်ချက်များအား ရှင်းပြခဲ့ပါတယ်၊၊ ပွဲတော်ကို ကျောင်းသားတပ်မတော်မှ ဥက္ကဋ္ဌ ရဲဘော်သံခဲ ၊ မြန်မာ့အရေးကို ကူညီပေးလျက်ရှိသော ရှေ့ နေကြီး ၀ါတာနဘေး၊ မြန်မာစကားပြန် ဦးရွှေဘ၊ ဂျပန်သို့ ရောက်ရှိနေသော မြန်မာတိုင်းရင်းသားများ၊ အဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူများ၊ တိုကျိုရောက် နိုင်ငံခြားသားများ လာရောက်ခဲ့ပါတယ်။
ဓါတ်ပုံ သတင်း - (၁၃) ကြိမ်မြောက် မြန်မာ့ရိုးရာ တိုကျိုသီတင်းကျွတ်ပွဲတော် - Oct 2 2012 11:38 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005