ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက်ပြည်သူများ ဆုံတွေ့
စောင့်ဆိုင်းနေကြတဲ့ ပရိသတ်
ပီနန်ဆရာတော်ဘုရားကြီးနဲ့ သံဃာတော်များ
မြန်မာ့အရေး ထောက်ခံအားပေးတဲ့ လွှတ်တော်အမတ် ဂျိုးဇက် ခရောင်လီ
ဒေါ်အောင်ဆန်းစုကြည်အား ဂီတဖြင့် ကြိုဆို စဉ်
နယူးယောက်ကို ရောက်ရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂၊ စက်တင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းက နယူးယောက်ပြည်သူများနဲ့ တွေ့ဆုံခဲ့ပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့ အခမ်းအနားများအနက် မြန်မာအသိုင်းအ၀ိုင်းအနေနဲ့ အများအားဖြင့် မြန်မာအသိုင်းအ၀ိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတဲ့ နံနက် ၁၀ နာရီခွဲ အခမ်းအနားကိုသာ သိကြပေမယ့် အဲဒီနေ့က အခမ်းအနားနှစ်ခု ပြုလုပ်ခဲ့ပါတယ်။ ပထမ အခမ်းအနားက အောက်လွှတ်တော်အမတ် ဂျိုးဇက် ခရောင်လီရုံးက စီစဉ်တဲ့ ပွဲဖြစ်ပြီး ဒုတိယ အခမ်းအနားကတော့ မြန်မာအသိုင်းအ၀ိုင်းပွဲ ဖြစ်ပါတယ်။ ထို အခမ်းအနား နှစ်ခုစလုံးအတွက် ခန်းမနေရာများကို ဂျိုးဇက် ခရောင်လီရုံးက ကူညီ ဆောင်ရွက်ပေးပါတယ်။ ပထမပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့အရေးကိစ္စများကို အင်္ဂလိပ်ဘာသာနဲ့ ပြောသွားပြီး ဒုတိယပွဲမှာတော့ မြန်မာပရိသတ်ကို မြန်မာဘာသာနဲ့ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ အခု ဖော်ပြထားတဲ့ ဓါတ်ပုံများကတော့ စက်တင်ဘာ ၂၂ ရက်၊ မနက် ၉ နာရီတွင် ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက်ပြည်သူများ တွေ့ဆုံပွဲ မှတ်တမ်းဓါတ်ပုံများ ဖြစ်ပါတယ်။
ဓါတ်ပုံ သတင်း - ဒေါ်အောင်ဆန်းစုကြည် နယူးယောက် ကွင်းစ် ကောလိပ် တွေ့ဆုံပွဲ - Sep 24 2012 01:20 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012