နယူးယောက် WFG ရုံးတွင် ကျင်းပတဲ့ ဦးဝင်းရှိန်မောင်မွေးနေ့




  • နယူးယောက် WFG ရုံးတွင် ကျင်းပတဲ့ ဦးဝင်းရှိန်မောင်မွေးနေ့ - 20121207_W_01.jpg
  • နယူးယောက် WFG ရုံးတွင် ကျင်းပတဲ့ ဦးဝင်းရှိန်မောင်မွေးနေ့ - 20121207_W_02.jpg
  • နယူးယောက် WFG ရုံးတွင် ကျင်းပတဲ့ ဦးဝင်းရှိန်မောင်မွေးနေ့ - 20121207_W_03.jpgမွေးနေ့ကိတ် လှီးနေကြတဲ့ Marking Director များ
  • နယူးယောက် WFG ရုံးတွင် ကျင်းပတဲ့ ဦးဝင်းရှိန်မောင်မွေးနေ့ - 20121207_W_04.jpgအင်္ကျီပန်းရောင်နဲ့ စကားပြောနေသူက Senior Marketing Director Sean (ဦးကျော်စိုးဝင်း) ဖြစ်ပြီး ရယ်နေသူကတော့ Marketing Director ဒေါ်စန်းရီ ဖြစ်ပါတယ်။
  • နယူးယောက် WFG ရုံးတွင် ကျင်းပတဲ့ ဦးဝင်းရှိန်မောင်မွေးနေ့ - 20121207_W_05.jpgမွေးနေ့ရှင် ဦးဝင်းရှိန်မောင်
  • နယူးယောက် WFG ရုံးတွင် ကျင်းပတဲ့ ဦးဝင်းရှိန်မောင်မွေးနေ့ - 20121207_W_06.jpgSenior Marketing Director နန်းဆက်နဲ့ ဦးဝင်းရှိန်မောင်
  • နယူးယောက် WFG ရုံးတွင် ကျင်းပတဲ့ ဦးဝင်းရှိန်မောင်မွေးနေ့ - 20121207_W_07.jpg(၀ဲ မှ ယာ) မြန်မာ ဆရာဝန်တဦး၊ ဦးဝင်းရှိန်မောင် (SMD) ၊ ဦးမိုးချမ်း ၊ ဒေါ်စန်းရီ (MD) ၊ ဒေါ်စန္ဒာအောင်၊ စန်ဒိုဂျီ (SMD)
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က World Financial Group ရုံးခန်း စတင် ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းခဲ့သူတဦးဖြစ်သူ Senior Marketing Director ဦးဝင်းရှိန်မောင်ရဲ့မွေးနေ့ပွဲကို ၂၀၁၂၊ ဒီဇင်ဘာ ၅ ရက်နေ့ညပိုင်းက နယူးယောက်မြို့ ဖလက်ရှင် (Flashing) အရပ်ရှိ World Financial Group ရုံးခန်းတွင် ကျင်းပခဲ့ပါတယ်။ World Financial Group ကုမ္ပဏီရဲ့ နယူးယောက်မြို့ရုံးခန်းတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့ညပိုင်းနဲ့ စနေနေ့ မနက်ပိုင်းတွင် အစည်းအဝေးနဲ့ လုပ်ငန်းဆွေးနွေးပွဲများ ကျင်းပလေ့ရှိရာ အပတ်စဉ် ဗုဒ္ဓဟူးနေ့ညပိုင်း လုပ်ငန်းဆွေးနွေးပွဲအပြီးတွင် ဦးဝင်းရှိန်မောင်ရဲ့ မွေးနေ့ပွဲ ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။

World Financial Group နယူးယောက်ရုံးခွဲကို မြန်မာ Senior Marketing Director ၃ ဦး ဖြစ်တဲ့ ဦးဝင်းရှိန်မောင်၊ နန်းဆက်နဲ့ ဦးကျော်စိုးဝင်း၊ (Sean)၊ မြန်မာ Marketing Director များဖြစ်ကြတဲ့ ဒေါ်စိုးစိုး၊ William Lee နဲ့ ဒေါ်စန်းရီတို့ အပါအ၀င် Senior Marketing Director ၁၁ ဦး၊ Marketing Director ၂၀ ခန့်၊ Associate များစွာနဲ့ လည်ပတ်လျှက်ရှိပါတယ်။

World Financial Group ကုမ္ပဏီဟာ ကမ္ဘာပေါ်တွင် အလျှင်မြန်ဆုံး တိုးတက်နေတဲ့ ထိပ်တန်းကုမ္ပဏီကြီးဖြစ်တဲ့ Aegon ရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရှိ အသက်အာမခံလုပ်ငန်းဆိုင်ရာ အကြံပေးနဲ့ ကိုယ်စားလှယ် တတိယအများဆုံး အလုပ်လုပ်ကိုင်နေတဲ့ Transamerica ကုမ္ပဏီနဲ့ လုပ်ငန်းချင်း ဆက်စပ်နေတဲ့ ကုမ္ပဏီကြီးတခု ဖြစ်ပါတယ်။ World Financial Group ကုမ္ပဏီဟာ Transamerica အပါအ၀င် အသက်အာမခံကုမ္ပဏီ အတော်များများရဲ့ အသက်အာမခံ ပေါ်လစီများကို တာဝန်ခံ ရောင်းချခြင်း၊ ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုများ ဆောင်ရွက်ခြင်းနဲ့ တက္ကသိုလ်စားရိတ်ဆိုင်ရာ ကူညီမှုများ လုပ်ကိုင်ပေးနေတဲ့ ကုမ္ပဏီကြီးတခု ဖြစ်ပါတယ်။

ဦးဝင်းရှိန်မောင်ဟာ World Financial Group တွင် Associate အဖြစ် ၂၀၀၅ ခုနှစ်မှ စတင် လုပ်ကိုင်ခဲ့ပြီး ယခုအခါ Senior Marketing Director အဖြစ် လုပ်ကိုင်လျှက် ရှိပါတယ်။ သူဟာ အသက်အာမခံနဲ့ ကျန်းမာရေးအာမခံ လိုင်စင်များ ရရှိထားသူ ဖြစ်သလို အမေရိကန်ဒေါ်လာ သုံးသောင်းနဲ့အထက် လုပ်ငန်းများအတွက် ငွေကြေးဆိုင်ရာ အကြံဉာဏ်များ ပေးနိုင်တဲ့ Transamerica Financial Advisors ကုမ္ပဏီရဲ့ ငွေကြေးဆိုင်ရာ အကြံပေးတဦးလည်း ဖြစ်ပါတယ်။ ထို့အပြင် Hartland Institute of Financial Education အဖွဲ့ရဲ့ Certified Financial Educator (CFEd) တဦးလည်း ဖြစ်ပါတယ်။

Hartland Institute of Financial Education ဟာ 501 (c) 3 status အဖွဲ့အစည်းတခုဖြစ်ပြီး နာဆာအပါအ၀င် ကုမ္ပဏီကြီးများနဲ့ တက္ကသိုလ်အချို့ရဲ့ ငွေကြေးဆိုင်ရာ ပညာပေးလုပ်ငန်းများ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ Hartland Institute of Financial Education နောက်ဆုံး ချဲ့ထွင် လုပ်ကိုင်နေတဲ့ လုပ်ငန်းတခုကတော့ အထက်တန်းကျောင်းသားများနဲ့ တက္ကသိုလ်ကျောင်းသားများအတွက် ပညာရေးနဲ့ ထောက်ပံ့ကြေးဆိုင်ရာ လုပ်ငန်းများကို အကူအညီပေးနေတဲ့ College Planning Program ဖြစ်ပါတယ်။

ဦးဝင်းရှိန်မောင်နဲ့ ပတ်သက်ပြီး သူ့မိတ်ဆွေတဦးက “ကိုဝင်းရှိန်ရဲ့ အလုပ်လုပ်ပုံနဲ့ ပတ်သက်ပြီး သဘောကျသူ၊ မကျသူတွေ ရှိပါတယ်။ ဒါက သဘာဝ ပါ။ သူ့မွေးနေ့အတွက် အမှတ်တရ ပြောရမယ်ဆိုရင်တော့ ကိုဝင်းရှိန်ဟာ နယူးယောက်က မြန်မာအသိုင်းအ၀ိုင်းကြားမှာ World Financial Group လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိလာအောင် လုပ်နိုင်ခဲ့ပါတယ်။ အခုဆို နယူးယောက်မှာ မြန်မာ Senior Marketing Director သုံးဦး ရှိနေပါပြီ။ ကိုဝင်းရှိန်အနေနဲ့ ရှေ့ဆက်ပြီး မြန်မာ Senior Marketing Director တွေ၊ Marking Director တွေ ပိုမို များပြားလာအောင် ဆထက်တန်ဖိုး တိုးပြီး အကူအညီပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။“ ဆိုပြီး ပြောပြပါတယ်။
ဓါတ်ပုံ သတင်း - U Win Shein Maung's Birthday Event held @ NYC World Financial Group Office - Dec 10 2012 09:47 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005